သရုပ်ဆောင် စံရတီမိုးမြင့်ကဇာတ်ကားရိုက်ကူးရင်း မြင်းကိုက်ခံရသည့်ဖြစ်ရပ်မျိုးဖြင့်ကြုံတွေ့ခဲ့ခြင်းကြောင့် မေးခိုင်ကာကွယ်ဆေး ထိုးခဲ့ ရသည့် အကြောင်းကို မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။“အချစ်နှင့်ညီမျှခြင်း”အမည်ရှိသော ဇာတ်လမ်းတွဲရိုက်ကူးရာမှ ယင်းကဲ့သို့ကြုံခြင်းလည်းဖြစ်ကာထိုဇာတ်လမ်းတွဲသည်လည်း သူမအတွက် အချိန်အကြာကြီးနေမှ ပြန်ရိုက်ဖြစ်သည့် Come Back ဇာတ်ကားဖြစ်ပြီး ဇာတ်ကားအတွင်းတွင် စိတ်ဆတ်၍ ထက်မြက်သည့် ကောင်မလေးအဖြစ် သရုပ်ဆောင် ထားခြင်းဖြစ်သလို ဇာတ်ဝင်တေးသီချင်းကိုလည်း ကိုယ်တိုင်သီဆို ပုံဖော်ထားခြင်းဖြစ်ပါတယ်။အဆိုပါ ဇာတ်လမ်းတွဲမှာ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွဲမျိုးဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက် ကူးထားသလို သရုပ်ဆောင်နေတိုး၊ ရဲလေး၊ ပိုးမမှီသာ၊ မေသန်းနု၊ အရိုင်း၊ ကေညီနှင့် အခြားသော သရုပ်ဆောင်နှင့်အတူ ပါဝင်သရုပ်ဆောင် ထားသည့်အပြင် Theme song ကိုလည်း နေတိုး၊ ရဲလေး၊ ပိုးမမှီသာတို့နှင့်အတူ ပါဝင်သီဆို ထား ကြောင်း သိရသည်။ထိုဇာတ်လမ်းတွဲကို မေလ ၁၉ ရက်မှ စတင်ကာ အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့အထိ Cannal Plus Zatt Lenn Channel တွင် ည ၇ နာရီတိုင်း ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
May 07 • 4:56 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


