၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ- နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့်၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်ဖြစ်ကာရေပြင်လေဟာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်ဖြစ်ကာလှိုင်းအခြေအနေမှာ -လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာလှိုင်းအမြင့်မှာ- ၆ ပေမှ ၈ ပေခန့်ထိဖြစ်ကာရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ဟာ-တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကာအမြင့်တာအားဖြင့် ၅ မိုင်နဲ့ရေပြင်လေဟာ အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၁၅ မိုင်ဖြစ်ကာလှိုင်းအခြေအနေမှာ- လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာလှိုင်းအမြင့်မှာ-၄ ပေမှ ၆ ပေခန့်ထိဖြစ်ပါတယ်။
May 07 • 4:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


