back

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ယခုသီတင်းပတ်မှာ စတင်မယ်

May 07 • 4:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ယခုသီတင်းပတ်မှာ စတင်မယ်

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျှော့ဖို့ ကြိုးပမ်းမှုအဖြစ် နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ယခုသီတင်းပတ်အတွင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ စ...

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျှော့ဖို့ ကြိုးပမ်းမှုအဖြစ် နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ယခုသီတင်းပတ်အတွင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ စီစဉ်ထားပါတယ်။တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်ဟာ ဆွစ်ဇာလန်နိုင်ငံမှာ မေလ ၉ ရက်ကနေ ၁၂ ရက်ထိပြုလုပ်မယ့် ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်ဘက်ကတော့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမီဆင်ဂရီယာတို့ ပါဝင်မှာဖြစ်ပါတယ်။


news-view-count-icon

18