ကမ္ဘာ့သံကြားရုပ်မြင်နှင့်ဖျော်ဖြေရေးထိပ်သီးအစည်းအဝေး ၂၀၂၅ (WAVES 2025) ကိုအိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့တွင် မေလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ဂျီအိုဝေါကွန်ဗန်းရှင်းစင်တာတွင်ကျင်းပခဲ့ရာ ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူ့ရေးရာအရာရှိကြီးများ၊ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပုံနှိပ်မီဒီယာ၊ ရုပ်မြင်သံကြား၊ အသံလွှင့်၊ ဒစ်ဂျစ်တယ်မီဒီယာများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ပရိဂျူဆာများ၊ ဇာတ်ညွှန်းရေးဆရာများ နှင့် သတင်းမီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်မှ အမှုဆောင်အရာရှိချုပ်များတက်ရောက်ကြသည်။ ဤထိပ်သီးဆွေးနွေးပွဲကြီးသည် အိန္ဒိယ မီဒီယာနှင့်ဖျော်ဖြေရေးလုပ်ငန်းကို ကမ္ဘာတစ်ဝန်းက အာရုံစိုက်လာပြီး ရုပ်/သံ၊ ရုပ်ရှင် နှင့် အသံလွှင့် လုပ်ငန်းများကို အိန္ဒိယ နိုင်ငံ နှင့် ပူးပေါင်းထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံကြရန်ဖိတ်ခေါ်သည့်အခမ်းအနားကြီးလည်းဖြစ်သည်။ 
May 07 • 4:00 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


