စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက် အခြေအနေတွေက အာရုံကြောစနစ်၊ ဟော်မုန်းစနစ်၊ ကိုယ်ခံအားစနစ်တို့နဲ့ နက်ရှိုင်းစွာဆက်စပ်နေတာကြောင့် စိတ်ခံစားချက်တွေက ကိုယ်အင်္ဂါကျန်းမာရေးအပေါ် သက်ရောက်မှုကြီးမားပါတယ်။ စိတ်ခံစားချက်ပိုင်းကို ရေရှည်ထိခိုက်လာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်လာစေပါတယ်။ရေရှည်ဖိစီးလာတဲ့အခါ ကော်တီဆောလ်နဲ့ အက်ဒရီနယ်လင်များ ထွက်လာစေပြီး နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်မြင့်တက်စေကာ သွေးတိုး၊ နှလုံးဖောက်ခြင်း၊ သွေးကြောရောင်ရမ်းခြင်းတို့ ဖြစ်လာစေပါတယ်။



