အိန္ဒိယစစ်တပ်သည် ဆင်းဒိုးစစ်ဆင်ရေးကို စတင်လိုက်ပြီး ပါကစ္စတန်နှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားရှိ နေရာ ၉ ခုကို တိုက်ခိုက်ခဲ့သည်။ အိန္ဒိယသည် ဒုံးကျည်ဖြင့် တိုက်ခိုက်ပြီး လူ ၈ ဦးသေဆုံးကာ ၃၅ ဦးဒဏ်ရာရခဲ့သည်။ အိမ်နီးချင်းနိုင်ငံ၏ စစ်ဆင်နွှဲခြင်းကို ပြင်းထန်စွာ တုန့်ပြန်မည်ဟု ပါကစ္စတန်က ကတိပြုလိုက်သည်။ဒုံးကျည်တိုက်ခိုက်မှုများလုပ်ပြီးနောက် “တရားမျှတမှုကို ပေးခဲ့သည်” ဟု အိန္ဒိယစစ်တပ်က X ပေါ်တွင် ပို့စ်တင်၍ ပြောဆိုခဲ့သည်။ ဧပြီလ ၂၂ ရက် နေ့က အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဘက်ခြမ်းရှိ ပါဟယ်လ်ဂမ်တွင် လူအသေအပျောက်များသော တိုက်ခိုက်မှုဖြစ်ပြီးချိန်မှစကာ နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေခြင်းဖြစ်သည်။ တိုက်ခိုက်မှုတွင် ပါကစ္စတန် ပါဝင်ပတ်သက်သည်ဟု အိန္ဒိက စွပ်စွဲထားသော်လည်း ပါကစ္စတန်ကမူ ၎င်း စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
| 16 | 0 | 0 | 0 |


