back

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား ရထားလမ်းတံတားအားပြုပြင်မှုများဆောင်ရွက်နေဆဲ

May 07 • 2:26 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား ရထားလမ်းတံတားအားပြုပြင်မှုများဆောင်ရွက်နေဆဲ

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား ရထားလမ်းတံတားအားပြုပြင်မှုများဆောင်ရွက်နေဆဲ ဖြစ်ပါ၍ ( ၇.၅.၂၀၂၅) ရက်နေ့ မော်လမြိ...

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား ရထားလမ်းတံတားအားပြုပြင်မှုများဆောင်ရွက်နေဆဲ ဖြစ်ပါ၍ ( ၇.၅.၂၀၂၅) ရက်နေ့ မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန်မော်လမြိုင်-ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် များအား ယာယီဖျက်သိမ်းထားမည်ဖြစ်ပြီး (၇.၅.၂၀၂၅) ရက်နေ့အတွက် ဝယ်ယူထားသောရထားလက်မှတ်များအား မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံ၌ ပြန်အမ်းငွေများအား (၀၇း၀၀)နာရီ မှ (၁၀း၀၀) နာရီထိ ပြန်အမ်းပေးနေပြီ ဖြစ်ကာ ပိတ်ဆို့ နေသော လမ်းပိုင်းအား မြန်မာ့မီးရထား တာဝန်ရှိဝန်ထမ်းများမှ အမြန်ဆုံးပြုပြင်ပြီးမြောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပြီး ရထားပြန်လည်ပြေးဆွဲမည့်ရက်အား အချိန်နှင့်တစ်ပြေးညီတင်ပြသွားမှာဖြစ်ပါတယ်။



news-view-count-icon

60