ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသ နေရာကိုးခုကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။ပါကစ္စတန်စစ်တပ်ကတော့ နေရာသုံးခုမှာ တိုက်ခိုက်ခံရပြီး ကလေးနှစ်ယောက်အပါအဝင် လူ ခုနှစ်ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်အုပ်ချုပ်တဲ့ Muzaffarabad မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ကက်ရှ်မီးယားဒေသမှာ ဗလီသုံးလုံးလည်းထိခိုက် ပျက်စီးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ အိန္ဒိယ တိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ စစ်သွေးအခြေစိုက်စခန်းတွေမဟုတ်ဘဲ အရပ်သားပစ်မှတ်တွေဖြစ်တယ်လို့ ပြောပါတယ်။



