back

မလေးရှားသွားမည့် မြန်မာအလုပ်သမား ၇၁ ဦး ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရ

May 07 • 2:04 AM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှားသွားမည့် မြန်မာအလုပ်သမား ၇၁ ဦး ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘရီခရိုင်၊ စံခလဘူရီမြို့နယ်၊ အမှတ် (၉)၊ နောင်လူကျေး ရွာ၌ မေလ ၆ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြန်မာနိုင်...

ထိုင်းနိုင်ငံ၊ ကန်ချနဘရီခရိုင်၊ စံခလဘူရီမြို့နယ်၊ အမှတ် (၉)၊ နောင်လူကျေး ရွာ၌ မေလ ၆ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြန်မာနိုင်ငံသား ၇၁ ဦးသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ အမှတ် (၉)၊ နောင်လူကျေးရွာဘက်သို့ ခိုးပြီးဝင်လာစဉ် ကင်းလှည့်နေသည့် ထိုင်းစစ် တပ်နှင့်တွေ့ရှိဖမ်းဆီးခံရခြင်းဖြစ်သည်။ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့သည် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၁၈,၀၀၀ မှ ၃၅,၀၀၀ အထိ ပေးဆောင်ခဲ့ရသည်ဟု တာဝန်ရှိသူများထံ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

news-view-count-icon

25