ထိုင်း-လာအို နယ်စပ်မှာ မကြာခင်က တိုက်ပွဲ ဖြစ်ပွားပြီး ထိုင်း ဘက်ခြမ်းကို ကျည်ဆန်တွေ ကျရောက်လာတဲ့အတွက် Phu Chi Fa အမျိုးသား ဥယျာဉ်က နာမည်ကြီး Pointed Cliff Viewpoint ကို ရက်အကန့်အသတ် မရှိပိတ်လိုက်ပါတယ်။ Phu Chi Fa ဟာ လက်ရှိမှာ သစ်တော ဥယျာဉ် ကနေ အမျိုးသား ဥယျာဉ် အဖြစ် အဆင့်မြှင့်တင်ဖို့ ကြိုးစားနေပြီး ထိုင်း ဘုရင်ရဲ့ အတည်ပြုမှုကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ အဲဒီ ဥယျာဉ်ဟာ Wiang Kaen ခရိုင်မှ Tambon Por နဲ့ Thoeng ခရိုင်မှ Tambon Tubtao အထိ ကျယ်ပြန့်ပြီး ၂ ခုစလုံးဟာ ချင်းရိုင် ပြည်နယ်မှာ တည်ရှိပါတယ်။ 
လာအို နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ထိုင်းမှ Phu Chi Fa Viewpoint ကို ခရီးသွားတွေ လည်ပတ်ခွင့်ပိတ်ပင်ထား
May 07 • 1:59 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


