မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့များ၊ ရှမ်းတောင်ဇုန်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် မန္တလေးငလျင်ဒဏ်ခံစားခဲ့ရသည့် အင်းလေးဒေသသို့ ယနေ့နံနက်ပိုင်းကသွားရောက်၍ အဆောက်အအုံများ၏ ပြိုကျပျက်စီးမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး အားပေးစကားပြောကြားကာ ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးယိုယွင်းသွားသော အင်းလေးဒေသအတွင်း ဘုန်းကြီးကျောင်းများ၊ ငလျင်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ဧပြီလအတွင်းက အလှူငွေများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းသည်။ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်) သို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) မှလည်း အလှူငွေများနှင့် ရေသန့်ကတ်များကို သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးငလျင်ဒဏ်ခံစားခဲ့ရသည့် အင်းလေးဒေသသို မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းက အလှူငွေများလှူဒါန်း
May 06 • 10:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


