back

မန္တလေးမြို့ တမ္ပဝတီရပ်ကွက်တွင် GAS အရည်ဖြည့်ရာမှ မီးလောင်မှု ဖြစ်ပွားကာ လူလေးဦး ထိခိုက်ဒဏ်ရာရ

May 06 • 10:20 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ တမ္ပဝတီရပ်ကွက်တွင် GAS အရည်ဖြည့်ရာမှ မီးလောင်မှု ဖြစ်ပွားကာ လူလေးဦး ထိခိုက်ဒဏ်ရာရ

မန္တလေးမြို့ တမ္ပဝတီရပ်ကွက်တွင် GAS အရည်ဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားကာ လူလေးဦး ထိခိုက်ဒဏ်ရာရရှိမှု မေလ ၅ ရက်၊ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။ချမ်းမြသာစည်မြ...

မန္တလေးမြို့ တမ္ပဝတီရပ်ကွက်တွင် GAS အရည်ဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားကာ လူလေးဦး ထိခိုက်ဒဏ်ရာရရှိမှု မေလ ၅ ရက်၊ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၄ လမ်း၊ ပတီးလမ်းရပ်ရှိ ၁၅ ပေ x ၁၅ ပေ၊ မြေစိုက်၊ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း (၁)ထပ်၏ ဂက်(စ်)ဆိုင်အတွင်း 48 Kg ဂက်(စ်)အိုး အကြီးမှ Gas အရည်ခွဲစက်ဖြင့် Portable Gas အိုးအသေးသို့ Gas အရည်ဖြည့်ရာ Pressure လိုအပ်သည်ထက်ပိုမိုဖြည့်မိရာမှ ပွင့်ထွက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိပါသည်။

news-view-count-icon

24