back

ငလျင်လှုပ်ခတ်မှုကိုသင်ခန်းစာယူ စံချိန်စံညွှန်းများနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်

May 06 • 10:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်လှုပ်ခတ်မှုကိုသင်ခန်းစာယူ စံချိန်စံညွှန်းများနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း စသည့်ဒေသများ၌ နေအိမ...

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း စသည့်ဒေသများ၌ နေအိမ်အဆောက်အအုံများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။အဆိုပါငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ငလျင်စတင်လှုပ်ခတ်သည့်နေ့မှ မေ ၄ ရက်နေ့အထိ သေဆုံးသူ ၃၇၈၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၂ ဦးရှိသည်။ ထိုသို့ ထိခိုက်၊ သေဆုံးမှုများသည် မခိုင်ခံ့သောအဆောက်အအုံများ၏ ပြိုကျပိတ်မိမှုများကြောင့် ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ အဆိုပါဖြစ်ပေါ်ခဲ့မှုများကို သင်ခန်းစာယူ၍ အဆောက်အအုံများကြံ့ခိုင်မှုနှင့် ပတ်သက်၍ ဗိသုကာအင်ဂျင်နီယာပညာရှင်များ၏ ဆန်းစစ်အကြံပြုလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

news-view-count-icon

18