ပါကစ္စတန်သည် သုံးရက်အတွင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုကို တနင်္လာနေ့တွင် ပြုလုပ်ခဲ့ပြီး အိန္ဒိယက လုံခြုံရေးလေ့ကျင့်ပြင်ဆင်မှုများလုပ်ရန် ပြည်နယ်အများအပြားကို အမိန့်ပေးခဲ့သဖြင့် အသေအပျောက်များသော ကက်ရှ်မီးယားတိုက်ခိုက်မှုဖြစ်အပြီးတွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား ထိပ်တိုက်တွေ့မှုဆီဦးတည်သွားနိုင်သည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ကက်ရှ်မီးယားတွင် ဧပြီလ ၂၂ ရက် နေ့က ဟိန္ဒူခရီးသွားများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုကြောင့်ကမ္ဘာလှည့် ခရီးသွား ၂၆ ဦးသေဆုံးခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ပြီးနောက်ပိုင်း နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် ယိုယွင်းသွားခဲ့သည်။ 
May 06 • 9:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


