back

ထရမ့်အစိုးရက ကိုယ်ဝန်ဖျက်ဆေးကို ဆက်လက်ကာကွယ်ရန် တရားရုံးသို့ တင်ပြ

May 06 • 9:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထရမ့်အစိုးရက ကိုယ်ဝန်ဖျက်ဆေးကို ဆက်လက်ကာကွယ်ရန် တရားရုံးသို့ တင်ပြ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ကိုယ်ဝန်ဖျက်ရန် အသုံးပြုသော ဆေးဝါးတစ်မျိုးဖြစ်သည့် မိုင်ဖီပရစ်စတုန်း (mifepristone) ကို အလွယ်တကူ ရရှိနိုင်ရေးအတွက် ယ...

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ကိုယ်ဝန်ဖျက်ရန် အသုံးပြုသော ဆေးဝါးတစ်မျိုးဖြစ်သည့် မိုင်ဖီပရစ်စတုန်း (mifepristone) ကို အလွယ်တကူ ရရှိနိုင်ရေးအတွက် ယခင်အစိုးရ၏ ဆုံးဖြတ်ချက်ကို တရားရုံး၌ ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း မေလ(၅) ရက် တနင်္လာနေ့တွင် တင်ပြခဲ့သည်။ တရားရေးဝန်ကြီးဌာန၏ တင်ပြချက်အရ အစိုးရသည် ယခင်အစိုးရ၏ ဆေးဝါးအသုံးပြုခွင့်ဆိုင်ရာ စည်းမျဉ်းများကို ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ဆေးဝါးကို အသုံးပြုခြင်းကြောင့် အမျိုးသမီးများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟုဆိုကာ ဆေးဝါးအသုံးပြုခွင့်ကို ကန့်သတ်ရန် တောင်းဆိုထားသော အချို့ပြည်နယ်များ၏ တရားစွဲဆိုမှုကိုလည်း ပယ်ချရန် တောင်းဆိုခဲ့သည်။



news-view-count-icon

15