ဂျပန်ကုမ္ပဏီတစ်ခုဟာ မြေပြင်အခြေစိုက် လေဆာစနစ်ကို အသုံးပြုပြီး အာကာသထဲမှ အပျက်အစီးအပိုင်းအစတွေကို ရှင်းလင်းဖယ်ရှားနိုင်ဖို့ လုပ်ဆောင်လျက် ရှိပါတယ်။ အာကာသထဲမှ သန်းပေါင်းများစွာသော အပျက်အစီး အပိုင်းအစတွေဟာ တစ်နာရီ မိုင် ၁၈၀၀၀ အထိ အမြန်နှုန်းနဲ့ ကမ္ဘာ့ပတ်လမ်းအတိုင်း လည့်ပတ်နေတာကြောင့် ဂြိုဟ်တုတွေနဲ့ အာကာသခရီးစဉ်တွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ စွန့်ဦးတီထွင် ဂျပန်ကုမ္ပဏီ EX-Fusion ဟာ သြစတြေးလျရဲ့ EOS Space Systems နဲ့ ပူးပေါင်းပြီး ကနဦးစမ်းသပ်မှုတွေ လုပ်ဆောင်နေတာပါ။ အာကာသထဲမှ အပျက်အစီးတွေကို လေဆာနဲ့ပစ်ပြီး ကမ္ဘာ့လေထုထဲ ပြန်ကျလာချိန်မှာ လောင်ကျွမ်းပျက်စီးသွားအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ 
May 06 • 9:04 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 40 | 0 | 0 | 0 |


