ဉာဏ်ရည်တု (AI) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကြီး OpenAI သည် ၎င်း၏ အကျိုးအမြတ်မယူသော မိခင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်တည်ရှိမည်ဖြစ်ပြီး၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်သော အပြောင်းအလဲများနှင့် ပြန်လည်ဖွဲ့စည်းရေး အစီအစဉ်များကို ပြောင်းလဲလိုက်ကြောင်း မေလ(၅)ရက်တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယခင်က OpenAI သည် "အကျိုးအမြတ်အတွက် ဦးစားပေးသော" လုပ်ငန်းခွဲတစ်ခုကို တည်ထောင်ရန် စဉ်းစားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကာ AI ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် ယခုအခါ ကုမ္ပဏီသည် ၎င်း၏ မူလအခြေခံမူများကို ဆက်လက်ထိန်းသိမ်းရန်နှင့် လူသားမျိုးနွယ်အတွက် အကျိုးရှိစေမည့် AI ကို တီထွင်ရန် အာရုံစိုက်သွားမည်ဟု ဆိုသည်။
May 06 • 9:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


