ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီဘက် ထိုင်းလေပိုင်နက်အတွင်းသို့ လေယာဉ်တစီး အကြောင်းမကြားဘဲ ချဉ်းကပ်လာသဖြင့် ထိုင်းတော်ဝင်လေတပ်မှ F-16 တိုက်လေယာဉ် ၂စီး အရေးပေါ်စေလွှတ်ကာ ကင်းလှည့်ပျံသန်းခဲ့ကြောင်း ထိုင်းသတင်းဌာန Thairath တွင် ဖော်ပြသည်။ ဖြစ်စဉ်မှာ ယနေ့ ၁၂ နာရီ ၄၅ မိနစ်အချိန် သံသယဖြစ်ဖွယ် လေယာဉ် တစီး ထိုင်းလေပိုက်နက်အတွင်းသို့ ဝင်ရောက် ပျံသန်းလာသဖြင့် ထိုင်းလေတပ်က အရေးပေါ်ကြေညာပြီး ထိုင်းနိုင်ငံအနောက်ဘက် ထိုင်း-မြန်မာနယ်စပ်သို့ F-16 တိုက်လေယာဉ် ၂ စီး စေလွှတ်ခဲ့ကြောင်း၊ အသေးစိတ်အချက်အလက်များကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း ထိုင်းတော်ဝင်လေတပ်က အသိပေးထားသည်။



