back

ဥရောပ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးစနစ်ကို အဆင့်မြှင့်တင်ရန် ဒေါ်လာ ထရီလီယံနှင့်ချီ လိုအပ်

May 06 • 8:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဥရောပ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးစနစ်ကို အဆင့်မြှင့်တင်ရန် ဒေါ်လာ ထရီလီယံနှင့်ချီ လိုအပ်

ဥရောပ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးစနစ်သည် ခေတ်အတော်ကြာမြင့်နေပြီဖြစ်ပြီး စပိန်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော လျှပ်စစ်မီးပျက်သည့် ဖြစ်ရပ်မျိုးကို ရှောင်ရှ...

ဥရောပ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးစနစ်သည် ခေတ်အတော်ကြာမြင့်နေပြီဖြစ်ပြီး စပိန်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော လျှပ်စစ်မီးပျက်သည့် ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်းကို ရင်ဆိုင်နိုင်ရန်အတွက် ဒေါ်လာ ထရီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ အထူးသဖြင့် လျှပ်စစ်ကားများ၊ အချက်အလက်စင်တာများ (data centers) နှင့် အခြား လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာသော လုပ်ငန်းများ တိုးချဲ့လာခြင်းကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာလည်း တိုးမြင့်လာနေသည်။ စပိန်နှင့် ပေါ်တူဂီတို့တွင် ဖြစ်ပွားခဲ့သော လျှပ်စစ်မီးပျက်သည့် ဖြစ်ရပ်သည် ဥရောပ၏ ပါဝါဂရစ်စနစ်ကို အဆင့်မြှင့်တင်ရန် အရေးတကြီး လိုအပ်ကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်။ ဥရောပ၏ ပါဝါဂရစ်စနစ်၏ လိုင်းအများစုသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ခေတ်မီနည်းပညာများနှင့်အညီ ပြုပြင်မွမ်းမံရန် လိုအပ်နေသည်။



news-view-count-icon

15