MNL League Cup မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနေရှင်နယ်လိဂ်-၂ကလပ် Yangon Royals FC အသင်းဟာ ဂါနာလူငယ် လက်ရွေးစင်ကစားသမား နောက်ခံလူ အဲဗာအပ်စ်ဘိုတန်ကို ၁ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဘိုတန်ဟာ ဂါနာပြည်တွင်းကလပ် Mountaineers အသင်းနဲ့ King Faisal အသင်း၊ ဖင်လန်ကလပ် Atlantis FC အသင်းတို့မှာ ကစားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဂါနာယူ-၂၀ နိုင်ငံလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။Yangon Royals FC အသင်းဟာ ကင်မရွန်းဂိုးသမား လီပိုး၊ ဂါနာနိုင်ငံသား ယောကူဆီ တို့ကိုခေါ်ယူခဲ့ပြီးနောက် တတိယမြောက်နိုင်ငံခြားသားကစားသမားတစ်ဦးကို ထပ်မံခေါ်ယူခဲ့တာ ဖြစ်ပြီးMNL League Cup အုပ်စုဒုတိယပွဲဖြစ်တဲ့ ဧရာဝတီယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဘိုတန်ရဲ့ခြေစွမ်းကို ပရိသတ်တွေ သဘောကျနှစ်ခြိုက်ခဲ့ပြီး ကာမာဗင်ဂါ လို့ အမည်ပြောင်ပေးထားကြပါတယ်။ 
May 06 • 8:43 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


