၆.၅.၂၀၂၅ ရက်ယနေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦး(B) အဆောင်၊ (C) အဆောင်နှင့် (D) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ (B) အဆောင် အခန်းအမှတ် (I9) မှ ရှာဖွေတွေ့ရှိခဲ့သော မြန်မာငွေ ၈၃,၀၀၀,၀၀ဝိ/-ကျပ်၊ US ဒေါ်လာ ၁၀၀ တန် ၃၀၀ ရွက်၊ တရုတ်ငွေ ၅၀ တန် ၂ရွက်၊ ၁၀ တန် ၆ ရွက်၊ ထိုင်းဘတ်ငွေ ၂၀ တန် ၇ ရွက်၊ ရွှေ ၁၀ ကျပ်သားတုံး ၁၀ တုံး၊ ၁ ကျပ် ၄ပဲတုံး ၂ တုံး၊ ၁ ကျပ် ၃ပဲတုံး ၁ တုံး၊ ရွှေဆွဲကြိုး ၃၀ ကုံး၊ လက်ကောက်+ဟန်းချိန်း ၂၆ ကုံး၊ လက်စွပ် ၃၅ ကွင်း၊ နားကပ် ၁၃ ရံ၊ ဆွဲသီး ၅ ခု၊ ကျောက်စိမ်းပန်းပု ၂ ခု၊ ပုလဲပုတီး ၂ ကုံး၊ ကျောက်စိမ်းပါလက်စွပ် ၁ ကွင်း၊ iphone ၁ လုံး၊ ipad ၁ လုံး၊ မှတ်ပုံတင် ၃ ခု၊ ဘဏ်စာအုပ် ၉ အုပ်၊ LV ပိုက်ဆံအိတ် ၁ လုံး၊ Dior Cosmetic ၁ ခုနှင့် အရေးကြီးစာရွက်စာတမ်းများအား ပိုင်ရှင်ကိုယ်စား မောင်တော်စပ်သူထံသို့ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။



