အီတလီ ဇိမ်ခံကားထုတ်လုပ်ရေးကုမ္ပဏီ Lamborghini က ၎င်းတို့၏ လေးလပတ်ဝင်ငွေသည် ယူရို ၈၉၅.၂ သန်းအထိ တိုးတက်လာကြောင်း ကြေညာခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၉.၆% တိုးတက်လာခြင်းဖြစ်သည်။ ယခုကဲ့သို့ ဝင်ငွေတိုးတက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ Revuelto နှင့် Urus SE ကဲ့သို့သော hybrid မော်ဒယ်သစ်များ၏ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကောင်းမွန်ခြင်းကြောင့် ဖြစ်သည်။ ကုမ္ပဏီ၏ လည်ပတ်အမြတ်ငွေ (EBIT) သည်လည်း ယူရို ၂၄၈.၁ သန်းအထိ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၏ ကာလတူထက် ၃၂.၈% တိုးတက်ခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမလေးလပတ်အတွင်း Lamborghini ကားအစီးရေ ၂,၉၆၇ စီးကို ရောင်းချနိုင်ခဲ့သည်။ အမေရိကန်တွင် ၂၁%၊ EMEA ဒေသတွင် ၇% နှင့် APAC ဒေသတွင် ၁၄% ရောင်းအားတိုးတက်ခဲ့သည်။
| 10 | 0 | 0 | 0 |


