တရုတ်နိုင်ငံတွင် မေလပွဲတော်ရက်ရှည်အတွင်း ခရီးသွားလုပ်ငန်း ပြန်လည်စည်ကားလာကြောင်း တွေ့ရသည်။ ရိုက်တာသတင်းအရ မေလ ၁ ရက်မှ ၅ ရက်အထိ ရက်ရှည်ပိတ်ရက်အတွင်း တရုတ်နိုင်ငံသား ခရီးသွားပေါင်း ၃၁၄ သန်းသည် ပြည်တွင်းခရီးများကို သွားရောက်ခဲ့ကြကြောင်း သိရသည်။ ယင်းအရေအတွက်သည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃% တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ခရီးသွားများ သွားရောက်လည်ပတ်ခဲ့သော နေရာများတွင် သမိုင်းဝင်နေရာများ၊ သဘာဝအလှအပများ နှင့် အပန်းဖြေစခန်းများ ပါဝင်သည်။ ခရီးသွားလုပ်ငန်း ပြန်လည်စည်ကားလာခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာခြင်းကို ပြသနေသည်။
May 06 • 8:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


