ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ဓားဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိခဲ့ပါတယ်။ကျောက်ရှာသူအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရတနာအဓိပတိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ ကျောက်ရှာသည့်ဝန်ထမ်းဖြစ်သည်ဟု ကောင်ဆန်ကျေးရွာနေ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူမှာ အသက် (၂၃) နှစ်ခန့်အရွယ်ရှိ ကိုချစ်ဆိုသူဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ညာဘက်ပုခုံး ထိုးသွင်းဒဏ်ရာနှင့် ကျောကုန်းတွင် ဓားစိုက်နေသည့် ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ကာလူသတ်မှုကျူးလွန်ခဲ့သူများမှာ လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဘဇံချောက်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ်အအမျိုးသားတစ်ဦးက ပြောပါတယ်။



