မန္တလေးတိုင်း ပလိပ်မြို့အနီးအဝေးဒေသများတွင် မတ် ၂၈ ရက်က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် မြေအက်ကွဲပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး သရက်ပင်များရာနဲ့ချီ ပြိုလဲသွားသဖြင့် သစ်သီးကုန်သည်များအနေဖြင့် ကြိုတင်ဝယ်ယူထားသည့် သရက်ပင်များပျက်စီးကာ စိုးရိမ်ဖွယ်အရှုံးများ ဖြစ်ပေါ်ခဲ့ကြောင်း ကုန်သည်တွေမှတစ်ဆင့်သိရသည်။



