back

ဂါဇာရှိ ဟားမက်စ် မြေပေါ်မြေအောက် နယ်မြေအားလုံးဖျက်ဆီးရန် ထိုးစစ်ဆက်ချဲ့တွင်ရေး နက်တန်ယာဟု အမိန့်ပေး

May 06 • 7:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂါဇာရှိ ဟားမက်စ် မြေပေါ်မြေအောက် နယ်မြေအားလုံးဖျက်ဆီးရန် ထိုးစစ်ဆက်ချဲ့တွင်ရေး နက်တန်ယာဟု အမိန့်ပေး

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟု၏ လုံခြုံရေးအစိုးရအဖွဲ့သည် သောင်းချီသော အစ္စရေး အရန် တပ်သားများကို ဂါဇာစစ်ပွဲတွင် ပါဝင်ရန် ဆင့်ခေါ်ခဲ့ပြီးနောက်နေ့ မေ ၄ ရက်မှာပင် ...

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟု၏ လုံခြုံရေးအစိုးရအဖွဲ့သည် သောင်းချီသော အစ္စရေး အရန် တပ်သားများကို ဂါဇာစစ်ပွဲတွင် ပါဝင်ရန် ဆင့်ခေါ်ခဲ့ပြီးနောက်နေ့ မေ ၄ ရက်မှာပင် ဂါဇာကမ်းမြောင် ဒေသအတွင်း ဆက်လက်ထိုးစစ်ဆင်ပြီး ဟားမက်စ်၏ မြေပေါ်မြေအောက် စခန်းမှန်သမျှ ဖျက်ဆီး သွားနိုင်ရေး အမိန့်သစ်ပေးခဲ့ကြောင်း သိရသည်။အစ္စရေး စစ်ရေးချုပ် အီရယ်ဇာမီယာက ဝန်ကြီးချုပ်သည် ဂါဇာကမ်းမြောင်ဒေသအတွင်း ဟားမက်စ် တို့ ပြန်ပေးဆွဲထားသော ကျန်ရှိဓားစာခံများအား ပြန်ရနိုင်ရန် စစ်ရေးဖိအားပေးခြင်းဖြင့် ဆက်လက် ထိုးစစ်ဆင် နယ်မြေချဲ့တွင်သွားရန် အခိုင်အမာကျိန်ဆိုပြီး အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။


news-view-count-icon

22