back

ပက်ထရီးယော့ ဒုံးခွင်းဒုံးစနစ်တွေကို အစ္စရေးကနေ ယူကရိန်းရွေ့ဖို့ အမေရိကန်စီစဉ်

May 06 • 6:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပက်ထရီးယော့ ဒုံးခွင်းဒုံးစနစ်တွေကို အစ္စရေးကနေ ယူကရိန်းရွေ့ဖို့ အမေရိကန်စီစဉ်

အမေရိကန်လုပ် ပက်ထရီးယော့ ဒုံးခွင်းဒုံးစနစ်တွေကို အစ္စရေးကနေ ယူကရိန်းကို လွှဲပြောင်းပေးမယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး နယူးယောက်ခ်တိုင်းက ရေးသ...

အမေရိကန်လုပ် ပက်ထရီးယော့ ဒုံးခွင်းဒုံးစနစ်တွေကို အစ္စရေးကနေ ယူကရိန်းကို လွှဲပြောင်းပေးမယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး နယူးယောက်ခ်တိုင်းက ရေးသားဖော်ပြထားပါတယ်။ဒါအပြင် ဂျာမနီ သို့မဟုတ် ဂရိမှာရှိနေတဲ့ အခြား ပက်ထရီးယော့စနစ်တွေကိုလည်း ယူကရန်းကို လွှဲပြောင်းပေးနိုင်ရေး ဆွေးနွေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုလွှဲပြောင်းပေးအပ်မှုတွေအတွက် သမ္မတဒေါ်နယ်ထရန့်က အတည်ပြုခြင်း ရှိ၊ မရှိကိုတော့ ထုတ်ဖော်ပြောဆိုထားမရှိပါဘူး။ဒေါ်နယ်ထရန့်ဟာ ယခုလအတွင်း အရှေ့အလယ်ပိုင်းကို သွားရောက်ဖို့ စီစဉ်နေပါတယ်။ ဒါအပြင် သူဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။


news-view-count-icon

34