တနင်္သာရီတိုင်း၊မြိတ်မြို့တွင် ကလေး ၁ ဦး ကျောက်ကားတိုက်ခံရပြီး သေဆုံး

May 06 • 6:25 AM

breaking-news

မြန်မာ

တနင်္သာရီ

breaking-news
cover

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် ကလေး ၁ ဦး ကျောက်ကားတိုက်ခံရပြီး သေဆုံး

မေ ၅ ရက် ညနေ ၃ နာရီလောက်ကတနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ကုန်းဖောက်တံတားမှာ ကလေးတယောက် ကျောက်ကားတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါ...

မေ ၅ ရက် ညနေ ၃ နာရီလောက်ကတနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ကုန်းဖောက်တံတားမှာ ကလေးတယောက် ကျောက်ကားတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ကုန်းဖောက်တံတားအနီးနားမှာ နေထိုင်သူတစ်ယောက်က “ကားကလည်း တံတားပေါ်တက်ဖို့ မောင်းလာချိန်မှာ ကလေးကလည်း လမ်းဖြတ်ကူး အဲမှာ တက်ကြိတ်မိသွားတာပါ” လို့ ပြောပါတယ်။ကားကြိတ်ခံရသူဟာ အသက် ၅ နှစ်ဝန်းကျင်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး ကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိချိန်မှာတော့ သေဆုံးနေပြီ ဖြစ်ကာအဆိုပါကလေးရဲ့ ရုပ်အလောင်းကို မြိတ်မြို့နယ် ၅/၁၀၀ စစ်ဆေးရုံကို ပို့ဆောင်လိုက်ပြီး ကားသမားကိုတော့ မြိတ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းနဲ့ မြို့ခံတွေက ပြောပါတယ်။



news-view-count-icon

10