မေလ (၅) ရက်နေ့ ညနေပိုင်းက" Power Lucky " ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး စီစဉ်သူ နှင်းဇင် ၊ဇာတ်ညွှန်း မိုးစက်ဝိုင် ၊ D.O.P မင်းမင်းကျော် ၊ဇာတ်လမ်း နှင့် ဒါရိုက်တာ စိုးမိုးမင်း ပုံဖော်ရိုက်ကူးထားတဲ့ " လောကဓံ " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show ကို နဝဒေးရုပ်ရှင်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားသော အနုပညာရှင်များက ဂုဏ်ပြုတက်ရောက်ခဲ့ကြပါတယ် ။အဆိုပါလောကဓံ " ရုပ်ရှင်ဇာတ်ကားကြီးတွင် အနုပညာရှင်များ ဖြစ်ကြတဲ့ သရုပ်ဆောင် နေမျိုးအောင် ၊ကျော်ထက်အောင် ၊ရှင်မွေလ ၊ဘုန်းမင်းနေလ၊ ဟိန်းသီဟ ၊ ပိုင်အုပ်စိုးအောင် ၊ရွှေသမီး ၊မေဂရေ့စ်၊ပန်ဆုဟေသီ ၊ရှင်ပြုံးခင် ၊ကျော်ဇေယျ ၊ကျော်ဇင်ထွဋ် ၊မင်းရဲစည်သူ ၊ရဲသူ နှင့် အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပြီး မေလ (၉) ရက်နေ့တွင် မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ပြသသွားမှာပဲ ဖြစ်ပါတယ်။
အနုပညာရှင် " များစွာ တက်ရောက်ခဲ့ကြတဲ့ " လောကဓံ " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Showကို ရန်ကုန်တိုင်း၊နဝဒေးရုပ်ရှင်ရုံမှာကျင်းပခဲ့
May 06 • 6:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


