အစ္စရေး၏ အဓိကလေဆိပ်အနီးသို့ အီရန်မဟာမိတ် ဟူသီများက ဒုံးကျည်တစ်စင်း ပစ်ခတ်ပြီးနောက် တစ်ရက်အကြာတွင် တနင်္လာနေ့ (မေလ ၅ ရက်)တွင် အစ္စရေးစစ်တပ်က ယီမင်နိုင်ငံ ဟိုဒီဒါဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။အစ္စရေးစစ်တပ်ထုတ်ပြန်ချက်တွင် ဟိုဒီဒါဆိပ်ကမ်းနှင့် အနီးတစ်၀ိုက်ရှိ အကြမ်းဖက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။အဆိုပါ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အနည်းဆုံး လူ ၃၅ ဦး ဒဏ်ရာရခဲ့ ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကို ကိုးကား၍ ဟူသီက ချုပ်ကိုင်ထားသော Saba သတင်းဌာနက ပြော ကြားခဲ့သည်။



