သမ္မတဒေါ်နယ်ထရမ့်အစိုးရ၏ ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် လွတ်လပ်သော အာရှအသံ (Radio Free Asia-RFA) သတင်းဌာနမှ အလုပ်ယာယီရပ်ဆိုင်းထားသော ဝန်ထမ်းများနှင့် ကျန်ဝန်ထမ်းအများစုကို မေလ ၉ ရက်မှ စတင် အလုပ်ရပ်နားတော့မည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။မေလကုန်တွင် RFA တိဗက်၊ မြန်မာ၊ ဝီဂါနှင့် လာအို အပါအဝင် ဘာသာစကားဌာန တစ်ဝက်ခန့်သည် သတင်းအကြောင်းအရာအသစ်များ ထုတ်လုပ်ခြင်း သို့မဟုတ် တင်ဆက်ခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။
| 17 | 0 | 0 | 0 |


