သရုပ်ဆောင် ယွန်းရွှေရည်က နောက်လဆိုရင် သူမ အမေဆုံးပါးသွားခဲ့တာ ၁၅ နှစ်ပြည့်သွားခဲ့ပြီလို့ဆိုပါတယ်။ မိခင်ဆုံးပြီးတည်းက မိခင်ကို အိပ်မက်ထဲမှာ ၂ ကြိမ်သာမက်ခဲ့ဖူးပြီး တစ်ခါမှ စကားမပြောခဲ့ဘူးလို့ ယွန်းရွှေရည်ကပြောပါတယ်။ မနေ့ညက အိပ်မက်ထဲမှာတော့ မိခင်နဲ့အတူ ပြန်လည်တွေ့ခွင့်ရခဲ့ပြီး သားအမိနှစ်ယောက်ငိုယိုပြီး ဖက်ကာ စကားတွေလည်း ပြောခဲ့ကြတယ်လို့ သူမကပြောပါတယ်။ ဒီနေ့ဟာ မိခင်ဖြစ်သူရဲ့မွေးနေ့ဖြစ်ပြီး မနေ့ညက အိပ်မက်ထဲမှာလည်း မိခင်က သူ့မွေးနေ့မို့ သွားတော့မယ်ဆိုပြီး ပြောသွားခဲ့တာပါ။ ယွန်းရွှေရည်ဟာ မိခင်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ အမြဲပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။
May 06 • 5:06 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


