back

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်လုံရှာယာန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရသလို မနက် ၆ နာရီကနေ ည ၆ နာရီကြားသာသွားလာခွင့်ရ

May 06 • 4:18 AM

breaking-news

မြန်မာ

ကချင်

breaking-news
cover

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်လုံရှာယာန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရသလို မနက် ၆ နာရီကနေ ည ၆ နာရီကြားသာသွားလာခွင့်ရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေ ဒဏ်ငွေပေးဆောင်ပြီးသွားလာနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။မြစ်ကြီးနား- ပူ...

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေ ဒဏ်ငွေပေးဆောင်ပြီးသွားလာနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။မြစ်ကြီးနား- ပူတာအိုကားလမ်းပိုင်း ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့ကြားမှာရှိတဲ့ လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေအနေနဲ့ တစ်ဦးကို ကျပ်ငွေတစ်သိန်းဝန်းကျင်အထိ ဒဏ်ငွေပေးဆောင်ရတာတွေရှိနေကာ ၂၀၂၅ ခုနှစ် မေလဝန်းကျင်ကစလို့ မှတ်ပုံတင်မပါရင် ဒဏ်ငွေဆောင်ခိုင်းတာစတင်လုပ်ဆောင်လာပြီး ဒဏ်ငွေ မဆောင်နိုင်သူတွေကို လှည့်ပြန်ခိုင်းတာတွေရှိတယ်လို့ နောက်ထပ်ခရီးသည်အမျိုးသားတစ်ဦးဆီမှသိရပါတယ်။ခုလို မှတ်ပုံတင်မပါတဲ့ခရီးသည်တွေကို ငွေကောက်ခံနေတဲ့အပြင် ကုန်ကားတွေကိုလည်းအခွန်အဆမတန်ကောက်ခံတာရှိကာလုံရှာယန်ကျေးရွာအဝင်ဂိတ်ဟာ မနက် ၆ နာရီကနေ ည ၆ နာရီကြားသာ သွားလာခွင့်ပြုထားတာကြောင့် ဒေသခံတွေလွတ်လွတ်လပ်လပ် သွားလာလို့မရတာ၊ ခရီးသည်ကားများ လမ်းခုလတ်မှာ ညအိပ်ရတာတွေရှိနေတယ်လို့သိရပါတယ်။



news-view-count-icon

27