back

အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂင်ဟို ရာသီကုန်တွင် ဖလာမင်ဂိုသို့ ပြောင်းရွေ့မည်

May 06 • 4:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂင်ဟို ရာသီကုန်တွင် ဖလာမင်ဂိုသို့ ပြောင်းရွေ့မည်

အာဆင်နယ် အသင်းရဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂင်ဟိုဟာ ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ထပ်မံ ချုပ်ဆိုမှာ မဟုတ်ဘဲ ဘရာဇီးလ် ကလပ် ဖလာမင်ဂို အသင်းထံ ပြောင်းရွေ့တေ...

အာဆင်နယ် အသင်းရဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂင်ဟိုဟာ ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ထပ်မံ ချုပ်ဆိုမှာ မဟုတ်ဘဲ ဘရာဇီးလ် ကလပ် ဖလာမင်ဂို အသင်းထံ ပြောင်းရွေ့တော့မယ်လို့ သိရပါတယ်။ဂျော်ဂင်ဟိုဟာ အာဆင်နယ် အသင်းမှာ နေရာမရဘဲ အရန်ခုံမှာ အချိန်ကုန်ဆုံးနေပြီး ရာသီကုန်မှာ အာဆင်နယ်ကနေ ထွက်ခွာတော့မယ်လို့ နာမည်ကျော် သတင်းထောက် Fabrizio Romanoက အတည်ပြုပါတယ်။ဂျော်ဟင်ဟိုဟာ ၂၀၂၃ခုနှစ်က ချဲလ်ဆီးကနေ အာဆင်နယ်ဆီပြောင်းရွေ့လာတာဖြစ်ပြီး အာဆင်နယ်မှာ အောင်မြင်မှုမရခဲ့ပေမယ့် ချဲလ်ဆီးမှာ‌တော့ ချန်ပီယံလိဂ်၊ကမ္ဘာ့ကလပ်ဖလား၊ဥရောပစူပါဖလား တွေကို ရယူနိုင်ခဲ့သလို ဘလွန်းဒီအော ဆန်ခါတင် သုံးယောက်ထဲအထိ ပါနိုင်ခဲ့သူဖြစ်ပါတယ်။


news-view-count-icon

12