back

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ တွင် ရမ်းသမ်းပစ်ခတ်နေသည့် သေနတ်သမားကိုရဲက ဖမ်းမိ

May 06 • 4:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ တွင် ရမ်းသမ်းပစ်ခတ်နေသည့် သေနတ်သမားကိုရဲက ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထေ့စဘန်း(အုပ်ချုပ်ရေးရုံး)ရှေ့ ရှဲလ်ဆီဆိုင်အတွင်း အချိန်အတော်ကြာ ရမ်းသမ်းပစ်ခတ်နေသည့် သေနတ်သမားကို MaMa Home နာ...

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထေ့စဘန်း(အုပ်ချုပ်ရေးရုံး)ရှေ့ ရှဲလ်ဆီဆိုင်အတွင်း အချိန်အတော်ကြာ ရမ်းသမ်းပစ်ခတ်နေသည့် သေနတ်သမားကို MaMa Home နားတွင် မေလ၆ရက်နံနက် ၈ နာရီခွဲခန့်က ဖမ်းမိခဲ့သည်။ သေနတ်သမားကိုဖမ်းမိပြီးနောက် ရဲများနှင့် လုံခြုံးရေတပ်ဖွဲ့များက ဆေးရုံကိုပို့ဆောင်ခဲ့ပေးခဲ့ရအကြောင်းသိရသည်။နံနက် ၆ နာရီခန့်ကတည်းက ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထေ့စဘန်း(အုပ်ချုပ်ရေးရုံး)ရှေ့ ရှဲလ်ဆီဆိုင်အတွင်းသေနတ်သမားတစ်ယောက်ရောက်ရှိနေပြီး ရမ်းသမ်းပစ်ခတ်နေချိန်တွင် ပိတ်မိနေသည့် ဓာတ်ဆီဆိုင်လုပ်သားများစွာကို နံနက် ၇နာရီ ၂၀ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့က အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။


news-view-count-icon

26