တရုတ်သည် ဘင်္ဂလားဒေ့ရှ်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးမြှင့်နေပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေးမြင့်တက်မှုကို ထင်ဟပ်စေခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့ သည်။ဘင်္ဂလားဒေ့ရှ်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် တရုတ်၏ ပါဝင်ပတ်သက်မှုအနက် သိသာသည့် စီမံကိန်း တစ်ခုမှာ ဘင်္ဂလားဒေ့ရှ်-တရုတ် ချစ်ကြည်ရေးဆေးရုံ (Bangladesh-China Friendship Hospital) တည်ဆောက် ရေးဖြစ်သည်။



