ဘန်ကောက်ရဲ့ Ratchada ခရိုင်မှ နာမည်ကြီး ညဈေး တစ်ခု ဖြစ်တဲ့ The One Ratchada ကို ရုတ်တရက် ပိတ်သိမ်းလိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်း ၁၃၀ ကျော်ဟာ အခက်အခဲ ဖြစ်သွားကြပြီး ဝန်ထမ်းတွေဟာ အလုပ်ပြုတ်မယ့် ကိန်းဆိုက်နေပါတယ်။အဲဒီ ညဈေးကို ဖွင့်လှစ်ခဲ့တာ ၂ နှစ် ကနေ ၃ နှစ် ဝန်းကျင်ရှိပြီး ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့မှာ ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ညဈေး ပိုင်ရှင်ဟာ ဧပြီလ ၂၉ ရက်နေ့မှာ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ အရေးပေါ် တွေ့ဆုံခဲ့ပြီး မြေငှားရမ်းထားတဲ့ သက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ချက်ချင်း ပိတ်ရမယ်လို့ အသိပေးခဲ့ပါတယ်။ 
| 23 | 0 | 0 | 0 |


