၂၀၂၅ ခုနှစ် ကမ္ဘာ့ရေကူးအဖွဲ့ချုပ် (World Aquatics) ကမ္ဘာ့ဖလား ဒိုင်ဗင်ပြိုင်ပွဲ စူပါဖိုင်နယ်ပွဲကို ဧပြီ ၄ ရက်တွင် တရုတ်အမျိုးသားရေကူးစင်တာ ဖြစ်သော “Water Cube” ၌ ကျင်းပ ပြီးစီးခဲ့သည်။ တရုတ် ဒိုင်ဗင်အဖွဲ့သည် နောက်ဆုံးပြိုင်ပွဲနေ့တွင် ရွှေတံဆိပ် ၂ ခု ထပ်မံဆွတ်ခူးနိုင်ခဲ့ရာ ယခုအကြိမ် ပြိုင်ပွဲအားလုံး၏ ရွှေတံဆိပ်ဆု ၉ ခုလုံးကို ဆွတ်ခူးနိုင်ခဲ့သည်။အမျိုးသမီး တစ်ဦးတည်း ၃ မီတာ စပရိန်ဘုတ် ဒိုင်ဗင်ဖိုင်နယ်ပွဲတွင် တရုတ်ပြိုင်ပွဲဝင် ချန်ကျားသည် ၃၈၂.၀၅ ရမှတ်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး ၎င်း၏ အသင်းဖော် ချန်ရိဝန်သည် ၁၃.၆၅ ကွာဟမှတ်ဖြင့် ငွေတံဆိပ်ဆု ရရှိကာ ကြေးတံဆိပ်ကို သြစတြေးလျပြိုင်ပွဲဝင်က ဆွတ်ခူးရရှိခဲ့သည်။
May 06 • 3:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


