မန္တလေးငလျင်ကြီးဒဏ်ကြောင့် တိမ်းစောင်းမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံကိုးဆင့်တို့အား ပြုပြင်မွန်းမံရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ မေ ၅ ရက် နံနက် ၇ နာရီတွင် ပင့်ဆောင်တော်မူခဲ့သည်။ ပင့်ဆောင်အဖွဲ့ဝင်များသည် ငါးပါးသီလခံယူပြီး ဧရာဝတီဖောင်ဒေးရှင်းမှ ကရိန်းအဖွဲ့၏အကူအညီဖြင့် တစ်ဆင့်ခြင်းစီပင့်ဆောင်ခဲ့ကြပြီး ဆွမ်းဦးပုညရှင်စေတီတော်ကို ထိန်းသိမ်းပြုပြင်မှုဆောင်ရွက်ခြင်းဖြစ်သည်။



