back

မန္တလေးငလျင်ဘေးသင့်ဒေသများအတွက် ရန်ပုံငွေပဒေသာကပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေး

May 06 • 2:08 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးငလျင်ဘေးသင့်ဒေသများအတွက် ရန်ပုံငွေပဒေသာကပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေး

မန္တလေးငလျင်ကြီးဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေပဒေသာကပွဲကို မေ ၁၀-၁၂ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီ...

မန္တလေးငလျင်ကြီးဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေပဒေသာကပွဲကို မေ ၁၀-၁၂ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီး ထိုပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးများနှင့် အနုပညာအစည်းအရုံးဥက္ကဋ္ဌများ တက်ရောက်သော ညှိနှိုင်းအစည်းအဝေးကို မေ ၅ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အနုပညာရှင်များအနေဖြင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့စဉ် တတ်ကြွယ်သည့်ပညာဖြင့် ပြည်သူများအား စိတ်ဓာတ်မြှင့်တင်ရေး၊ ရန်ပုံငွေရှာဖွေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပြီး ပဒေသာကပွဲသည် အနုပညာလောက၏ စည်းလုံးညီညွတ်မှုကိုပါ ပြသသည့်အရေးကြီးသောပွဲတစ်ခုဖြစ်ကြောင်းဖော်ပြသည်။


news-view-count-icon

11