(၆.၅.၂၀၂၅)ရက်ယနေ့ တွင် ရန်ကုန်-မော်လမြိုင် လမ်းပိုင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား မိုင်တိုင် ၁၁၂/ ၁၀- ၁၁ကြား တံတားအမှတ် ၆၅ ပေ၈၀ တံတား၊ ရထားလမ်းတံတား ပျက်ဆီးမှုဖြစ်ပွားခဲ့ရာယနေ့ (၆.၅.၂၀၂၅) နေ့ မော်လမြိုင်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် (၂) ခု အား ယာယီဖျက်သိမ်းထားပြီး ဝယ်ယူထားပြီးသော ရထားလက်မှတ်ခ များအား မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံ၌ ပြန်အမ်းပေးနေပြီဖြစ်ကြောင်းသိရပါတယ်။
ရန်ကုန်-မော်လမြိုင် လမ်းပိုင်း မိုင်တိုင် ၁၁၂/ ၁၀- ၁၁ကြား တံတားအမှတ် ၆၅ ပေ၈၀ တံတားပျက်ဆီး၍ ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် (၂) ခု အား ယာယီဖျက်သိမ်းထား
May 06 • 2:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


