ရန်ကုန်စတော့အိတ်ချိန်း၌ ဧပြီလနောက်ဆုံးပတ်အတွင်း ငွေကျပ်သိန်း ၇၉၀ ကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင် ၂၀,၀၀၀ ကျော်ကို အရောင်းအဝယ်ဖြစ်ခဲ့သည်။ ၎င်းအရောင်းအဝယ်သည် စတော့ရှယ်ယာဈေးကွက်တွင် တိုးတက်မှုတစ်ရပ်ကို ဖေါ်ပြနေပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးလျက်ရှိသည်။



