MNL League Cup အုပ်စု ဒုတိယပွဲစဉ်များ ကစား
ပြီးနောက်မှာ အသင်း ( ၆ ) သင်းမှ Penta trick
( ၁ ) ဦး ၊ စူပါဟက်ထရစ် ရရှိသည့် ကစားသမား ( ၃ ) ဦးနှင့် ဟက်ထရစ်ရရှိသည့် ကစားသမား ( ၄ ) ဦးတို့ထွက်ပေါ်လာခဲ့ပြီးPenta trick ဆုအဖြစ်- ရန်ကျော်ထွေး ( ဒဂုံစတား - ဆေးဗားစတား )မှရရှိကာ၊Super Hat-trick ကစားသမားများအဖြစ်ရဲရင့်အောင် ( ရှမ်း - ဝိုင်ဘီ )၊ မိုဂူး ( ရန်ကုန် - ကချင် )၊ခင်ကျော်ဝင်း ( ရခိုင် - Glory Goal )တို့ဖြစ်ကြပြီးHat - trick ကစားသမားများအဖြစ်ခွန်ကျော်ဇင်ဟိန်း ( ရှမ်း - ဝိုင်ဘီ )၊ ပီတာအောင်ဝေထူး ( ရှမ်း - ဝိုင်ဘီ )၊Guy Michael ( ဒဂုံပေါ့တ် - ဝိုင်ဘီ )၊ နိုင်ဇင်ထက် ( မြဝတီ - ဆေးဗားစတား )တို့မှအသီးသီးရရှိခဲ့ပါတယ်။


