ကုန်သွယ်မှုဟန်ချက်ညီစေဖို့ ဗီယက်နမ်အနေနဲ့ သဘာဝဓာတ်ငွေ့ရည် လေယာဉ်တွေနဲ့ ဆေးတွေအပါအဝင် အမေရိကန်ထုတ်ကုန်တွေကို ပိုမိုဝယ်ဖို့ လိုတယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ထရမ့်အစိုးရက သူကြေညာထားတဲ့ မြင့်မားတဲ့ အပြန်အလှန် အခွန်နှုန်းထားတွေကို ဗီယက်နမ်အပါအဝင် ကုန်သွယ်ဖက်နိုင်ငံတွေအတွက် ရက် ၉၀ ဆိုင်းငံ့ပေးထားတာဖြစ်ပြီး လက်ရှိ ယာယီနှုန်းထားက ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ ကုန်သွယ်ရေးညှိနှိုင်းချက်တွေလုပ်ဖို့ ဗီယက်နမ်က အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ကိုသွားဖို့ရှိနေပြီး နှစ်နိုင်ငံလုံးရဲ့ သွင်းကုန်အခွန်တွေမျှမျှတတနဲ့သက်သက်သာသာရှိအောင် ဝန်ကြီးချုပ်က ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့လုပ်ထားတာဖြစ်ပါတယ်။ 
| 8 | 0 | 0 | 0 |


