back

ဂျပန်လေကြောင်းလိုင်းANA Holdings Inc. သည် မတ်လတွင် ပြီးဆုံးသည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ကထက် ဝင်ငွေတိုးသော်လည်း အသားတင်အမြတ် လျော့ကျ

May 06 • 1:16 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်လေကြောင်းလိုင်းANA Holdings Inc. သည် မတ်လတွင် ပြီးဆုံးသည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ကထက် ဝင်ငွေတိုးသော်လည်း အသားတင်အမြတ် လျော့ကျ

ဂျပန်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Nippon Airways Co. ၏ မိခင်လုပ်ငန်း ANA Holdings Inc. သည် မတ်လတွင် ပြီးဆုံးသည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ကထက် ဝင်ငွေတ...

ဂျပန်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Nippon Airways Co. ၏ မိခင်လုပ်ငန်း ANA Holdings Inc. သည် မတ်လတွင် ပြီးဆုံးသည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ကထက် ဝင်ငွေတိုးသော်လည်း အသားတင်အမြတ် လျော့ကျသည်။အသားတင်အမြတ် ယန်း ၁၅၃.၀၃ ဘီလီယံ (ကန်ဒေါ်လာ ၁ ဘီလီယံ) ရရှိသည်။ယခင်ဘဏ္ဍာနှစ်တွင် ယန်း ၁၅၇.၁၀ ဘီလီယံ ရခဲ့သည်ထက် ၂.၆% လျော့ကျသည်။လေယာဉ်ဆီအတွက်ကုန်ကျစရိတ်များ မြင့်တက်ခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်များ မြင့်တက်ခြင်းတို့ကြောင့် အသုံးစရိတ် ပိုများပြီး အသားတင်အမြတ် လျော့ကျသည်။ခရီးစဉ်အသစ်များ တိုးချဲ့ခြင်း၊ ဝန်ထမ်းလစာများ သိသိသာသာ တိုးပေးခြင်းတို့ကြောင့်လုပ်ငန်းလည်ပတ်စရိတ် ၁၁.၈% မြင့်တက်ခဲ့ပြီး ယန်း ၂.၀၇ ထရီလီယံ ကုန်ကျခဲ့သည်။ အရောင်းဝင်ငွေ ၁၀.၀% တိုးခဲ့ပြီး ယန်း ၂.၂၆ ထရီလီယံ ရရှိသည်။


news-view-count-icon

11