ဆိုဒ် ၄၁ နာမည်ကြီးတံဆိပ် Sneaker ဖိနပ်ကြောင့် မဲဆောက် ရွှေဆိုင်ဓားပြတိုက်သူကို ဖမ်းဆီးရမိခြင်းဖြစ်

May 05 • 2:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆိုဒ် ၄၁ နာမည်ကြီးတံဆိပ် Sneaker ဖိနပ်ကြောင့် မဲဆောက် ရွှေဆိုင်ဓားပြတိုက်သူကို ဖမ်းဆီးရမိခြင်းဖြစ်

ဧပြီ ၃၀ ရက်နေ့က ချင်းမိုင်တွင် မဲဆောက်ဩရဇွာ ရွှေဆိုင် ဓားပြတိုက်ခဲ့သူ ဆွမ်ချိုင်းနှင့် ကြံရာပါ ဇနီးသည် အာရာယာတို့ကို ဖမ်းဆီးရမိရာ၌ ဓားပြတိုက်သူ ဝတ်ဆင်ခဲ့သည့် နာ...

ဧပြီ ၃၀ ရက်နေ့က ချင်းမိုင်တွင် မဲဆောက်ဩရဇွာ ရွှေဆိုင် ဓားပြတိုက်ခဲ့သူ ဆွမ်ချိုင်းနှင့် ကြံရာပါ ဇနီးသည် အာရာယာတို့ကို ဖမ်းဆီးရမိရာ၌ ဓားပြတိုက်သူ ဝတ်ဆင်ခဲ့သည့် နာမည်ကြီးတံဆိပ် Sneaker ဖိနပ်ကြောင့် ဖြစ်သည်ဟု ရဲသတင်းရင်းမြစ်အရ သိရှိရသည်။ရဲတပ်ဖွဲ့မှ ဖိနပ်တံဆိပ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း Lotus ကြီးရှိ ရွှေဆိုင်မှ ဘတ် ၄ သန်းတန်ဖိုးရှိသော ရွှေဆွဲကြိုး ၂၃ ကုံးကို ပစ္စတိုသေနတ်ပစ်ဖောက်ခြိမ်း ခြောက်ကာ ဓားပြတိုက်သွားသူသည် စစ်မှုထမ်းဟောင်းလည်းဖြစ်၊ ၃၉ နှစ်အရွယ် တာ့ခ်ခရိုင် ဖုပ်ဖရ သားဖြစ်ကာ နာမည်ကြီးတံဆိပ် ဆိုဒ် ၄၁ အရွယ် Sneaker ဖိနပ်ကို စွဲစွဲမြဲမြဲစီးနင်းလေ့ရှိကြောင်း၊ ဓားပြတိုက်စဉ်ကလည် ယင်းဖိနပ်ကို စီးနင်းထားကြောင်း သတိထားမိရာမှ အထူးမှုခင်းစုံစမ်းရေးတပ်ဖွဲ့၊ မဲဆောက်ရဲတပ်ဖွဲ့နှင့် တာခ်ခရိုင် ရဲတပ်ဖွဲ့ စုံစမ်းထောက်လှမ်းမှုများ သဲလွန်စကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 


news-view-count-icon

22