အမေရိကန်နိုင်ငံက ဇွန် ၁၄ ရက်တွင် စစ်ရေးပြပွဲကျင်းပမည်ဖြစ်ပြီးထိုနေ့သည် ထရမ့်မွေးနေ့ဟု အမေရိကန်မီဒီယာများ ဖော်ပြ

May 04 • 7:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်နိုင်ငံက ဇွန် ၁၄ ရက်တွင် စစ်ရေးပြပွဲကျင်းပမည်ဖြစ်ပြီးထိုနေ့သည် ထရမ့်မွေးနေ့ဟု အမေရိကန်မီဒီယာများ ဖော်ပြ

အမေရိကန် ကြည်းတပ် ထူထောင်ခြင်း နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ထရမ့်အစိုးရသည် ဇွန် ၁၄ ရက်တွင် မြို့တော်ဝါရှင်တန်၌ စစ်ရေးပြပွဲကျင်းပမည်ဖြစ်ကြောင်း အမေရိ...

အမေရိကန် ကြည်းတပ် ထူထောင်ခြင်း နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ထရမ့်အစိုးရသည် ဇွန် ၁၄ ရက်တွင် မြို့တော်ဝါရှင်တန်၌ စစ်ရေးပြပွဲကျင်းပမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Anna Kelly က မေ ၂ ရက်တွင် လူမှုမီဒီယာ၌ ထုတ်ပြန်ကြေညာခဲ့သည်။ ဇွန် ၁၄ ရက်သည် အမေရိကန်သမ္မတ ထရမ့်၏ ၇၉ နှစ်ပြည့် မွေးနေ့လည်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြကြသည်။

စစ်ရေးပြပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စနစ်တကျဖော်ဆောင်လျက်ရှိကြောင်း၊ စစ်ရေးပြပွဲ အခမ်းအနားတွင် ခန့်မှန်းခြေ စစ်ဘက်သုံးယာဉ် ၁၅၀ စီး၊ လေယာဉ် ၅၀ စင်း နှင့် စစ်သည်ပေါင်း ၆,၆၀၀ ပါဝင်သွားမည်ဖြစ်ကြောင်း အမေရိကန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် Heather Hagan ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။

news-view-count-icon

10