အွန်လိုင်းမှ ကား၊ ဆိုင်ကယ်စသည့်ပစ္စည်းများကို ထိုင်းထီဂဏန်းနံပါတ်ဖြင့် ကံစမ်းမဲဖောက်ပေးခြင်းအဖြစ် ရောင်းချသူများက ဝယ်သူများထံမှ မဲတစ်စောင်လျှင် တန်ဖိုးမြင့်ဖြင့်ငွေတောင်းခံပြီး မပေါက်လျှင် အရှုံးကြီးမားမှု၊ မဲဖောက်ရက်ရွှေ့ဆိုင်းခြင်း၊ ပွင့်လင်းမှုမရှိမှုနှင့် အထွက်မသိအမြတ်ခေါင်းများဖြစ်လာခြင်းတို့ကြောင့် ဝယ်သူဘက်မှထိခိုက်နစ်နာမှုများကြုံတွေ့လာရသည်။



