ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေး မှ ထုတ်လုပ်ပြီး Executive Producer တင်မောင်ဝင်း , ဇာတ်လမ်း သုထက်ဇော် ၊ နေစိုးသော် ၊ဇာတ်ညွှန်း လွင်မင်းအံ့ ၊တွဲဖက်ဒါရိုက်တာ စိုးထွဋ် ၊ဒါရိုက်တာ အကယ်ဒမီ ဩရသ ရိုက်ကူးထားတဲ့ " ဗြောသံ " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show ကို ဧပြီလ (၃၀) ရက်နေ့ ညနေပိုင်းက " နဝေဒေး " ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဗြောသံ " ရုပ်ရှင်ဇာတ်ကြီးမှာ အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင် အကယ်ဒမီ နေဝင်း ၊ဖြိုးငွေစိုး ၊ သူရိယ ၊ အကယ်ဒမီ ခင်ဝင့်ဝါ ၊အကယ်ဒမီ မျိုးသန္တာထွန်း ၊အေးဝတ်ရည်သောင်း ၊ဧည့်သည်သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း နှင့် အခြားသော အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး မေလ ပထမအပတ်တွင် ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။



