မကွေးတိုင်း မြိုင်နဲ့ပေါက်နယ်ရှိ ဒုက္ခသည်စခန်းက ပြည်သူတွေ သောက်သုံးရေ အခက်အခဲကြုံ နေကြရပြီး ရေရရှိဖို့ ၂ မိုင်၊ ၃ မိုင် ထိအောင်သွားပြီး သယ်ယူသောက်သုံးနေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြိုင်နဲ့ပေါက်နယ်ရှိ ကျေးရွာတွေက ပြည်သူတွေဟာ မြိုင်နယ်က ကျေးရွာ သုံးရွာခန့်ရှိပြီး အဲဒီထဲကအိမ်ထောင်စု ၁၅၀ ခန့်ရှိတဲ့ ဒုက္ခသည်စခန်းတွေဟာ သောက်သုံးရေရရှိဖို့ ရေတွင်းနှစ်တွင်းကို အဓိက အားထားနေရတယ်လို့ဆိုပါတယ်။အဆိုပါ ရေတွင်းနှစ်တွင်းဟာ အတောင် ၂၀ ခန့်အနက်ထိ တူးထားရပြီး ရေရရှိဖို့ ညလုံးပေါက်စောင့်ဆိုင်းခပ်ယူသုံး စွဲရကာ လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။အဆိုပါ မြိုင်နယ်ကျေးရွာရှိ အိမ်ထောင်စု ၁၅၀ ခန့်မှာ လူဦးရေ ၄၀၀ ခန့်ရှိပြီး ပြည်သူ တွေရေအလုံအလောက်ရရှိဖို့ ရေကန်တူးဖော်ပြင်ဆင်တာပြုလုပ်ထားပေမဲ့ငွေကြေးမလုံလောက်တာကြောင့် ဆက် လက်မလုပ်ဆောင်နိုင်ဘူးလို့ ဆိုပါတယ်။ရေကန်တူးဖော်တာနဲ့ရေသွင်းဖို့၊ ရေမြောင်းပြင်ဆင်ဖို့ ဝှီးကားလို့ ခေါ်တဲ့ မြေဖော်စက်တွေ ငှားရမ်း ပြင်ဆင်ရပြီး မြေတူးစက်ငှားရမ်းခအဖြစ် တစ်နာရီကို နှစ်သိန်းခွဲခန့် ကုန်ကြတာမို့ အဲဒီကုန်ကျစရိတ်မတတ်နိုင်တဲ့အတွက် ရေကန်တူဖော်ပြင်ဆင်ဖို့ အားလုံးမပြီးနိုင်သေးဘူးလို့ဆိုပါတယ်။
မကွေးတိုင်းရှိ မြိုင် နဲ့ပေါက်နယ် က လူတွေ နွေရာသီ သောက်သုံးရေအခက်အခဲကြုံနေရ
Apr 30 • 5:04 AM
မြန်မာ
မကွေး
မျှဝေမည်
| 48 | 0 | 0 | 0 |


